ဈေးကွက်ဈေးနှုန်း

ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြား

Last Updated:

နေပြည်တော်၊ဇွန် ၁၈    ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီအချိန်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားပေး မြှင့်တင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဦးအောင်ထူးတက်ရောက် အမှာစကား ပြောကြား ခဲ့သည်။

            ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC)မှ ကိုယ်စားလှယ်အဖွဲ့က ၂၀၂၀-၂၀၂၅ ခုနှစ်တွင် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) အကောင်အထည်ဖော်မှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဦးစားပေးကဏ္ဍများ အဆိုပြု တင်ပြခြင်းနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ဆိုင်ရာ ကိစ္စရပ်များအား လာရောက် ဆွေးနွေး ခဲ့ပြီးဆွေးနွေးချက်များအပေါ် ITC မှ အဆိုပြု ရွေးချယ်တင်ပြထားသည့် ဦးစားပေးကဏ္ဍများနှင့် အထောက်အကူပြုကဏ္ဍများကို သဘောထားမှတ်ချက်ရယူ၍ အပြီးသတ်ရွေးချယ် အတည်ပြုရန် ဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုစီမံကိန်းကို နိုင်ငံတကာကုန်သွယ်မှု ဗဟိုဌာန (ITC) က စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့နဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ် ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနတို့နဲ့ ညှိနှိုင်း ပူးပေါင်းပြီး ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) အဖွဲ့ အစည်း၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လယ်ယာ စိုက်ပျိုးရေး ကိုလည်း ပြောင်းလဲလာသော စျေးကွက် အခြေအနေနှင့်အတူ သီးနှံပြောင်းလဲ စိုက်ပျိုး သွားဖို့ လိုကြောင်း၊ သဘာဝသဃံဇာတထုတ်လုပ်မှု သာမက စက်မှုလုပ်ငန်းများကိုပါ ရင်းနှီးမြှပ်နှံ လုပ်ငန်းများကိုပါ ရှာဖွေဆောင်ရွက် သွားသင့် ကြောင်း၊ပို့ကုန်တိုးမြှင့်ရေးအတွက် ဌာနဆိုင် ရာများ၊ပုဂ္ဂလိကလုပ်ငန်းရှင်များကပါ ဝိုင်းဝန်း ဆောင်ရွက်သွားဖို့လိုကြောင်း ပြောကြားခဲ့ပါသည်။

 ထို့နောက် တက်ရောက်လာကြသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားပေး မြှင့်တင်ရေး လုပ်ငန်း ကော်မတီ၊ ဒုတိယဥက္ကဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ဖြည့်စွက်ဆွေးနွေး၍  တက်ရောက်လာကြသည့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ အသင်းအဖွဲ့များ ၊  သက်ဆိုင်သည့်ဝန်ကြီးဌာနများမှ  ဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

NES Unit